စက္ကန့်တိုင်း အကျိုးရှိအောင်
‘‘ပျမ်းမျှလူ့သက်တမ်း နှစ် ၇၀ ကို ၂၄ နာရီ ၁ ရက်တည်းမှာ ချုံ့လိုက်မယ်ဆိုရင် ကျုပ်ရဲ့ အသက်က ည ၈း၃၀ ရောက်နေပြီ။ ... အချိန်ကုန်တာ မြန်လွန်းလှတယ်’’ ဟု ကျွန်တော့် သူငယ်ချင်း ဘော့ ဘော့ဒ်မင်း က သူ့ အသက် ၅၉ နှစ် အရွယ်တွင် ပြောခဲ့သည်။
ကမ္ဘာမြေပေါ် အသက်ရှင်နေရသောအချိန်သည် အကန့်အသတ်ရှိကြောင်း ၀န်ခံရန် ခက်ခဲမှုကိုနာရီလေး၏ ‘‘တစ်တောက်... တစ်တောက်’’ အသံလေးက နှိုးဆော် နေသည်။ နာရီလေးက ခန့်မှန်းခြေ လူ့သက်တမ်းကို တွက်ချက်ပေးပြီး ကျန်ရှိသော အချိန်ကို ရေတွက် ဖော်ပြ ပေးနေပါသည်။ နာရီကြော်ငြာ တစ်ခုတွင် ‘‘သင့် ဘ၀အသက်ကို ရေတွက်ပေးနေသောကြောင့် သင်၏ စက္ကန့်တိုင်းကို အကျိုးရှိအောင် အသုံးပြုနိုင်ပြီ’ ဟု ကြေညာ ထားပါသည်။…
ပေးလိုက်ပါ
ပိုလျှံနေသူများ ပေးလှူသည့် ၎င်းတို့ မလိုတော့သည့် အ၀တ်အစားများနှင့် ပစ္စည်း အသုံးအဆောင်များ လက်ခံရရှိမှု အပေါ်မူတည်၍ ပရဟိတလုပ်ငန်းအဖွဲ့များက လူများကို အကူအညီပေးကြသည်။ အခြားသူများအတွက် အကျိုးရှိသဖြင့် အသုံးမလိုသော ပစ္စည်းများ ပေးလိုက်ခြင်းက ကောင်းပါသည်။ သို့သော် မိမိနေ့စဉ်အသုံးပြုသော တန်ဖိုးရှိ ပစ္စည်းများကို ပေးရန်ကိုမူ ကျွန်ုပ်တို့ တွန့်တိုကြသည်။
ရောမမြို့တွင် ရှင်ပေါလု အကျဉ်းကျခံရစဉ်က သူ့ကို အဆက်မပြတ်စောင်မအားပေးမှု၊ ယုံကြည်ရသော မိတ်ဆွေများက သူ့ကို အဖော်ပြုမှုကို လိုအပ်ခဲ့သည်။ သို့သော် သူ၏အရင်းနှီးဆုံး လုပ်ဖော်ဆောင်ဖက်နှစ်ဦးအား ဖိလိပ္ပိမြို့၌ရှိသော သခင်ယေရှု၏ နောက်တော်လိုက်များကို ကူညီရန် စေလွှတ်ခဲ့သည် (ဖိ ၂း၁၉-၃၀)။ ‘‘သင်တို့အကြောင်း အရာများကို ငါသိ၍ စိတ်သက်သာခြင်းငှာ၊ တိမောသေကို သင်တို့ရှိရာသို့ များမကြာ စေလွှတ်မည်အကြောင်း၊ သခင် ယေရှုခရစ်၌ ငါမှီဝဲခြင်းရှိ၏’’(း၁၉-၂၀)။ ‘‘သို့သော်လည်း ဆောင်ရွက်ခြင်း၊ စစ်တိုက်ခြင်းအမှု၌ ငါ၏အပေါင်းအဖော်၊…
မနက် ၂ နာရီ မိတ်ဆွေများ
ခရစ်တော်၌ ယုံကြည်ခြင်း အားကြီးသော အဖွဲ့တစ်ဖွဲ့အကြောင်းကို ကျွန်တော့် မိတ်ဆွေ တစ်ယောက်က ပြောပြသည်။သူတို့ထဲမှ ၉၃ နှစ်အရွယ် အဖွားတစ်ယောက်က ‘‘ဒီလူတွေထဲမှာ ဘယ်သူ့ကိုမဆို မနက် ၂ နာရီ မှာ ကျွန်မ ဖုန်းဆက်ခေါ်နိုင်တယ်လို့ ခံစားရတယ်။ နောက်ပြီး ဘယ်လို အကူအညီမျိုးကိုမဆို လိုအပ်တယ်ဆိုရင် တောင်းပန် ဖို့တောင် မလိုဘူး’’ ဟုပြောပါသည်။ ထိုအကူအညီသည် ဆုတောင်းပေးရန်ဖြစ်စေ၊ လက်တွေ့ ကူညီရန်ဖြစ်စေ (သို့) လိုအပ်နေချိန်မှာ တစ်ယောက်ယောက်က ရှိနေပေးရန် ဖြစ်စေ၊ ထိုမိတ်ဆွေများက တစ်ယောက်နှင့် တစ်ယောက် အခြေအနေကို မကြည့်ဘဲ ကူညီပေးကြရန် စိတ်ပိုင်းဖြတ်ထား ကြသည်။
ကောလောသဲအသင်းတော်ရှိ ခရစ်တော် နောက်တော်လိုက် ယုံကြည်သူများထံ ရှင်ပေါလု ရေးသား သော စာတွင် အထက်ပါ ကူညီစောင်မမှုမျိုးကို တွေ့ရသည်။ ရှင်ပေါလုသည် ရောမထောင်ထဲမှနေ၍ တုခိတ်နှင့် ဩနေသိမ်ကို…
ဆက်ရန်ရှိသေးသည်
၁၉၅၀ ပြည့်နှစ်များအတွင်း ကြီးပြင်းလာခြင်းကြောင့် ထိုခေတ်က မြို့ထဲရှိ ရုပ်ရှင်ရုံတွင် ပြသည့် စနေနေ့ နေ့ခင်းပွဲကို မကြာခဏ သွားကြည့်ဖြစ်ခဲ့သည်။ ကာတွန်းကားများနှင့် ရုပ်ရှင်ဇာတ်လမ်းအများစုမှာ စွန့်စားခန်း ဇာတ်လမ်းတွဲများဖြစ်ပြီး လူစွမ်းကောင်း ယောက်ျား၊ မိန်းမများက မဖြစ်နိုင်သည့် အခြေအနေ အခက်အခဲများနှင့် အမြဲပင် ကြုံတွေ့ ရခြင်းနှင့် အဆုံးသတ်တတ်သည်။ လွတ်မြောက်ရာလမ်း မမြင်သော်လည်း ဇာတ်လမ်းတွဲ တစ်ခန်းတိုင်း၏အဆုံးတွင် `ဆက်ရန်ရှိသေးသည်´ ဟူသော စာတန်းနှင့် အမြဲ နိဂုံးချုပ် ထားသည်။ အသက်အန္တရာယ်ကြုံရသော အခြေအနေများက တမန်တော် ရှင်ပေါလုအတွက် အဆန်းမဟုတ်ပါ။ ယေရှု ခရစ်တော်၏သတင်းကောင်းကို လူများထံ ပို့ဆောင်ရန် နည်းလမ်းရှာဖွေရင်း အကျဉ်းချခံ ရသည်။ ရိုက်နှက်ခံရသည်။ ကျောက်ခဲနှင့် အပစ်ခံရသည်။ သင်္ဘောပျက်ခြင်းဘေးနှင့် ကြုံတွေ့ခဲ့ရသည်။ တစ်နေ့နေ့တွင် အသက်ဆုံးရမည်ကို သိရှိထားသော်ငြားလည်း ထိုအမှုများကို ဇာတ်လမ်း၏အဆုံးနိဂုံးဟု သူတစ်ခါမျှ မတွေးထင်ခဲ့ပါ။ ကောရိနသုမြို့ရှိ…
လုပ်ရိုးလုပ်စဉ်၌ ရည်ရွယ်ချက်ထား
ဗြိ တိသျှပြတိုက်၌ ခင်းကျင်းပြသထာသည့် Rolling-ball clock တွင် ခပ်စွေစွေ
ဆင်ထားသည့် စတီး ပလိတ်ပြားအမြောင်းတွင် စတီးလုံးများ တိမ်းစောင်းရွေ့လျားပြီး
တစ်ဖန် နောက်ပြန်ဆင်ထားသည့် ပလိတ်ပြားအတိုင်း ရွေ့လျားသည်။ ဤသို့ဖြင့် နာရီ
လက်တံကို ရွေ့လျားစေသည်။ ဤစတီးလုံးများက ရှေ့တိုး
နောက်ဆုတ် ရွေ့လျားသည့်ခရီးမှာ တစ်နှစ်လျှင် မိုင်ပေါင်း
၂၅၀၀ ရှိသည်။ သို့သော် ဘယ်အရပ်သို့မှ ခရီး မပေါက်ခဲ့ပါ။
၎င်းနာရီက ပုံသေလုပ်ဆောင်နေသော အလုပ်၏
သက်ရောက်မှု အားလျော့နည်းကြောင်း အထင်အရှား ဖော်ပြ
နေသည်။
ကျွန်ုပ်တို့သည် နေ့စဉ် ပုံသေလုပ်နေကျ လုပ်ငန်း
ဆောင်တာ များကြား ပိတ်မိနေသကဲ့သို့ခံစားရပြီး သာ၍
ကြီးမားသော ရည်မှန်းချက်ကို မမြင်ဘဲဖြစ်ရန်လွယ်လှသည်။
တမန်တော်ရှင်ပေါလုက ခရစ်တော်၏ဧ၀ံဂေလိသတင်းကို ထိရောက်စွာ ဝေငှလိုသည်။
“ငါပြေးသောအခါ အမှတ်တမဲ့ ပြေးသည်မဟုတ်။ လက်ပွေ့သတ်သောအခါ
အာကာသကောင်းကင်ကိုသာ…
ဝန်းရံလုပ်ကြံခံရစဉ်
ဘော့စ်စနီးယားစစ်ပွဲ (၁၉၉၂-၁၉၉၆) တွင် အနီးဝန်းကျင်ရှိ တောင်ကုန်းများပေါ်မှ
ဆာရာဂျီဗို မြို့ထဲသို့ သေနတ်နှင့် လက်နက်ငယ်များဖြင့် မိုးရွာသကဲ့သို့ ပစ်ခတ်မှုကြောင့်
ပြည်သူနှင့် စစ်သည် စုစုပေါင်း လူ ၁၀၀၀၀ ကျော်ခန့် သေဆုံးခဲ့သည်။ Steven Galloway
ရေးသားသည့် The Cellist of Sarajevo ၀တ္တုတွင် မျက်မှောက်ခေတ် စစ်ပွဲအတွင်း
ထိုမြို့တော်ကို အကြာဆုံး သိမ်းပိုက်ထားစဉ်က အကြောင်းအရာများကို ရေးသားဖော်ပြ
ထားသည်။
ဝတ္တုထဲတွင် မိမိအသက်ရှင်သန်ရေး အတွက်သာ
ကြိုးစားရုန်းကန်မလား၊ (သို့) ဤကဲ့သို့အကြီးအကျယ် ဒုက္ခ
ရောက်နေချိန်၊ ဘာမှ အလေးမထား မခံစားနိုင်တော့သည့်
အခြေအနေတွင် အခြားသူအတွက် ငှဲ့ညာ စဉ်းစားပေးပြီး၊
၎င်းတို့အတွက် ရပ်တည်ရမည်လား၊ တစ်ခုခုကို
ဆုံးဖြတ်ရမည့် ဇာတ်ကောင်သုံးဦး ပါရှိသည်။
ရောမ အကျဉ်းထောင်မှ ဖိလိပ္ပိအသင်းတော်ရှိ ခရစ်ယာန်များထံသို့ ရှင်ပေါလုက…
သခင်ယေရှု၏ပုံတူ
‘‘ထင် ရှားကျော်ကြားသော အမေရိကန် အမျိုးသမီးများ၏ ပုံတူပန်းချီ’’ စာအုပ်၌Robert
Henks ကပုံတူပန်းချီဆိုသည်မှာ ဓါတ်ပုံ မဟုတ်၊ မှန်မှ မြင်ရသော ပုံရိပ်လည်း မဟုတ်။
ပုံတူပန်းချီသည် အပြင်ပန်းအသွင်ထက် များစွာသာလွန်သည်။ လူ့စိတ်ရှိနက်နဲသော
စိတ်ခံစားချက်ကို စူးစမ်းစစ်ဆေးသည်။ ပုံတူပန်းချီကား
တစ်ချပ်၌ ထိုလူပုဂ္ဂိုလ်သည် မည်သို့သောပုဂ္ဂိုလ်မျိုး
အမှန်အကန် ဖြစ်သည်ကို တကယ့်ပန်းချီဆရာက ဖမ်းမိ
နိုင်အောင် ‘‘ကြိုးစားသည်’’ ဟု ရေးသားထားသည်။
သခင်ယေရှု၏ပုံတူများစွာကို ရာစုနှစ်ပေါင်းများစွာ
ရေးဆွဲခဲ့ကြသည်။ အသင်းတော်၌၊ အနုပညာပြတိုက်၌
သင်တွေ့ဖူးမည်။ သင့်အိမ်၌ပင် ရှိကောင်းရှိမည်။ ၎င်းသည်
ပုံတူပန်းချီကား အစစ်အမှန် မဟုတ်ပါ။ အဘယ်ကြောင့်
ဆိုသော် သခင်ဘုရား၏ရုပ်သွင်ပြင်ကို ဓာတ်ပုံရိုက်ထားခြင်း၊
မှန်ပုံရိပ် မြင်ရခြင်းများ မရှိခဲ့ပါ။ သို့သော် သခင်၏
ထူးမြတ်သော အသွင်သဏ္ဌာန်ကို ဟေရှာယ ၅၃ တွင် စာဖြင့်
သရုပ်ဖော်ထားသည်။…
အမည်မသိ အမှားရှာသူများ
လူအများစုကဲ့သို့ပင် ကျွန်ုပ်လည်း သတင်းစာ၊ မဂ္ဂဇင်းတို့ကို ဖတ်သောအခါတွင် သဒ္ဒါ
အမှား၊ စာလုံးပေါင်းအမှားများကို သတိပြုမိသည်။ (သင်ကော တွေ့မိသည် မဟုတ်လား)။
ကျွန်တော်က အမှားကို ကြိုးစားရှာခြင်း မဟုတ်ပါ။ အမှားကို ချက်ခြင်း သတိပြုမိခြင်း
သာဖြစ်သည်။ ထိုအမှားကို ဖြစ်စေသည့် ပုံနှိပ်တိုက်နှင့် လူပုဂ္ဂိုလ်များအား ‘‘စာလုံးပေါင်း
သတ်ပုံ ဘာလို့ မစစ်တာလဲ။ စာစစ်ပေးသူကို ဘာလို့ မငှား
တာလဲ’’ဟု အမြဲတမ်း ကျွန်ုပ်ဝေဖန်လေ့ရှိသည်။
မိမိကျွမ်းကျင်သည့် အပိုင်းကဏ္ဍနှင့် ပတ်သက်၍
အလားတူ အတွေ့အကြုံမျိုး သင်ကြုံဖူးလိမ့်မည်။ အကြောင်း
တစ်စုံတစ်ရာကို ပို၍ သိကျွမ်းလေလေ အမှားကို ပို၍ဝေဖန်
အကဲဖြတ်တတ်သည့်ပုံပေါ်သည်။ ယင်းသည် ကျွန်ုပ်တို့၏
လူမှုပေါင်းသင်းဆက်ဆံရေးသို့လည်း ကူးစက်လာနိုင်သည်။
ထိုသို့ဖြစ်စေကာမူ ဖိ ၁း၉ က တစ်မူထူးခြားသော
နည်းလမ်းကို ဖော်ပြထားသည်။ ‘‘သင်တို့သည် ခြားနားသောအရာတို့ကို…
သခင်ဘုရားနှင့်အတူ လျှောက်လှမ်းခြင်း
‘‘သခင်နှင့်အတူ ၈၆ နှစ်ကြာ ရင်းနှီးမှုအကြောင်းကို ဝေငှရန် ကြိုးစားအားထုတ်ခြင်း’’
ဟု ခေါင်းစဉ်တပ်ထားသော လက်ကမ်းစာစောင်လေးအား သူငယ်ချင်းတစ်ယောက်ထံမှ
ရရှိခဲ့သည်။ ထိုစာစောင်ထဲတွင် အယ်လ် အက်ကန်ဟီး သည် ရာစုနှစ် (၉) ခု၊
နှစ်ပေါင်း (၉၀) နီးပါးရှိသော သူ၏ယုံကြည်ခြင်းအသက်တာလမ်းခရီးမှ အဓိကကျသည့်
လူပုဂ္ဂိုလ်များနှင့် အဖြစ်အပျက်များကို ရေးသားဖော်ပြထားသည်။ ထိုအချိန်များက
သာမန် ရွေးချယ်လုပ်ခဲ့သည်ဟု ထင်ရသည့် ကျမ်းပိုဒ်အလွတ်
ကျက်မှတ်ခြင်း၊ အခြားသူများနှင့် အတူဆုတောင်းရန်
တွေ့ဆုံခြင်း၊ အိမ်နီးချင်းများကို ယေရှုအကြောင်းပြောပြခြင်း
စသည့်အမှုများက သူ့အသက်တာ၏လားရာကို ပြောင်းလဲ
ပေးခဲ့သော အချိုးအကွေ့များဖြစ်ခဲ့သည်။ ထိုစာစောင်တွင်
အယ်လ် အား လက်တော်နှင့် ဘုရားသခင်မည်သို့ ပို့ဆောင်ပုံ၊
မည်သို့ ခွန်အားပေးပုံများကို ဖတ်ရသည်မှာ အလွန်
စိတ်ဝင်စားဖွယ် ကောင်းလှသည်။
ဆာလံဆရာက ‘‘ကောင်းသောသူတို့၏ခြေရာတို့ကို
ထာဝရဘုရားသည် ပဲ့ပြင်၍ သူသွားရာလမ်းကို နှစ်သက်မူ၏’’…
ဆုံးရှုံးမှုကို ကျော်လွန်၍ ကြည့်မြင်ခြင်း
စာရေးဆရာ ၀ီလျံ ဇင်စာ သည် ကလေးဘ၀က သူအလွန်ချစ်မြတ်နိုးနှစ်သက်သော
သူကြီးပြင်းနေထိုင်ခဲ့သည့်အိမ်သို့ တစ်ခေါက် သွားရောက်လည်ပတ်ခဲ့သည့်အကြောင်း
ကို ရေးသားသည်။ မင်ဟာဆက် ပင်လယ်ကွေ့နှင့် လောင်း အိုင်းလဲန် စောင်းကို
အပေါ်စီးမှမြင်ရသည့် တောင်စောင်းသို့ သူနှင့်သူ့ဇနီးတို့
ရောက်ရှိသောအခါ ထိုအိမ်ကို ဖြိုဖျက်လိုက်ပြီဖြစ်ကြောင်း
တွေ့လိုက်ရပြီး ကြီးမားသော ကလိုင်ပေါက်ကြီးသာ ကျန်ရှိ
သည်။ စိတ်လက်မကြည်မသာနှင့် အနီးရှိ ပင်လယ်ကမ်းပါးသို့
၎င်းတို့လျှောက်သွားပြီး ဇင်စာ က ပင်လယ်ကွေ့ကို
မျှော်ကြည့်ရင်း မြင်ကွင်းနှင့် အသံဗလံများကို ခံစားသည်။
‘‘ကျွန်တော် စိတ်သက်သာရာရသွားပြီး ၀မ်းနည်းမှု လျော့သွား
တယ်။ ရှုခင်းမြင်ကွင်းထဲက တောတောင်ပင်လယ်ကြီးကို
ကျွန်တော် ကောင်းကောင်းမှတ်မိတယ်။ အခုထိ ကျွန်တော်
စိတ်ကူးယဉ်ဆဲပဲ’’ ဟု ထိုအတွေ့ အကြုံကို ရေးသားခဲ့သည်။
ဆာလံဆရာသည်လည်း နှစ်သိမ့်သက်သာစေမှုကို
မခံယူဘဲ စိတ်ဓာတ်ကျလျက် ဖိစီးမှုခံစားရသည့် ခဲယဉ်းသော…